သုတ်လွှတ်မြန်နေပြီဆိုရင်...



စိတ်တိုင်းကျ အိပ်ခန်းထဲမှာ ကြာရှည်မဆက်ဆံနိုင်ဘူး သုတ်လွှတ်မြန်နေပြီဆိုရင်  ဒီသိပ္ပံနည်းကျ နည်းလမ်းတွေကို ကြိုးစားသင့်ပါတယ်။

သာမန်လုပ်ရိုးလုပ်စဉ် လုပ်ငန်းတွေကို အဆင်ပြေချောမွေ့အောင်ဆောင်ရွက်နိုင်ပြီး ချစ်သူနဲ့အိပ်ရာထဲ အတူနေချိန်မှာ မစွမ်းဆောင်နိုင်ဘူး (သုတ်လွှတ်မြန်နေပြီ) ဆိုတဲ့ကိစ္စက အမျိုးသားအများစုတွေ့ ကြုံနေရတဲ့ကိစ္စပါ ။

သုတ်လွှတ်မြန်တယ် (ဆက်ဆံဖော်ချစ်သူထက် အရင်ပြီးတယ်) ဆိုတာက အမျိုးသားတိုင်းနီးပါးကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ Dr.Thomas J.Walshကပြောပါတယ်။

ဒီပြသာနာရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတချို့ကိုဖြေရှင်းသင့်သလို ခန္ဓာကိုယ်အခြေအနေတွေကိုလည်း ထိန်းချုပ်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

အမျိုးသားတွေ သတိထားသင့်တာက ဆက်ဆံတဲ့အချိန်ကြာဖို့ မဟုတ်ပါဘူး။ ဆက်ဆံတဲ့ချစ်သူ အမျိုးသမီးကိုချစ်ဖို့နဲ့ သူမကို စိတ်ကျေနပ်စေဖို့ပဲဖြစ်ပါတယ်။ Dr.Thomas J.Walshနဲ့ အခြားဆေး ပညာရှင်တွေက ဒီသုတ်လွှတ်မြန်တဲ့ပြသာနာကို ဖြေရှင်းတဲ့နည်းလမ်း တချို့ကို ပြောပြခဲ့ကြပါတယ်။ အဲ့ဒါတွေကတော့...


၁.. ကိုယ့်ကိုကိုယ်သိပါ »
ကိုယ်ပြီးတော့မယ်ဆိုတာကို ကိုယ်တိုင်ပဲသိနိုင်ပါတယ်။ အဲ့ဒီပြီးတော့မယ့် အခြေအနေကိုသိခြင်းက ပြီးဆုံးတဲ့အခြေအနေမှာ ခံစားရတဲ့ စိတ်ခံစားမှုကို ပိုမိုအားရကျေနပ်စေပါတယ်လို့  Dr.Emily Morse ကပြောပါတယ်။ Lotion ဒါမှမဟုတ် ချောဆီတစ်ခုခု ကိုအသုံးပြုပြီး ပြီးခါနီးအချိန် ကိုရောက်အောင် လေ့ကျင့်သင့်တယ်လို့ Dr က ထပ်ပြောပါတယ်။

၂.. ညှစ်ခြင်း »
ပြီးတော့မယ်ဆိုတာ သိရင် လိင်အင်္ဂါထိပ်ဖျားရဲ့အောက်နားကို လက်မနဲ့လက်ညှိုးသုံးပြီး ညှစ်ထားလိုက်ပါ လို့ Dr.Ian Kerner ကပြောပါတယ်။ ဖိထားတဲ့ဖိအားအပေါ်ကို စိတ်ရောက်သွားတဲ့အတွက် လိင်စိတ် ခဏလောက်ပျောက်သွားပါလိမ့်မယ်။ ဒါကြောင့် အချိန်ပိုကြာအောင် အတူနေနိုင်သွားပါလိမ့်မယ်။ ဒါကလည်း ကိုယ်ပြီးတော့ မယ်ဆိုတာကို သိဖို့လိုသလိုပါပဲလို့ Dr. Walsh က ထပ်ပြောပါတယ်။

၃.. အမျိုးသမီးကို ဦးစားပေးပါ »
ပါးစပ်နဲ့၊ လက်နဲ့ သို့မဟုတ် ကိရိယာတစ်ခုခုနဲ့ ကိုယ့်နဲ့ဆက်ဆံဖော်ချစ်သူ အမျိုးသမီးကို အရင်ပြီးစေခြင်းဟာလည်း ကိုယ့်ကိုကိုယ်သုတ်လွှတ်မြန်တယ်လို့ ထင်နေတဲ့စိတ်ကို ကုစားနိုင်ပါလိမ့်မယ် လို့ Dr. Kerner က ပြောပါတယ်။


၎.. ထုံဆေး »
သွားနှုတ်ရင် ထုံဆေးသုံးသလိုပဲ  လိင်တံရဲ့ အာရုံခံနိုင်စွမ်းကို လျော့ချတဲ့ စပရေးတွေရှိပါတယ်။ အဲ့ဒါတွေကိုသုံးခြင်းက မင်းရဲ့အာရုံခံနိုင်စွမ်းကို အတိုင်းအတာတစ်ခုအထိ လျော့ချပေးပြီး အမျိုးသမီး ကတော့ အဲ့ဒီအာနိသင်ကို ခံစားရမှာမဟုတ်ပါဘူးလို့ Dr.Walshက ပြောပါသေးတယ်။ Promescent ဆိုတဲ့ဆေးနဲ့ သူ့လူနာတွေအဆင်ပြေတယ်လို့ Dr က ပြောပါသေးတယ်။ ဒါပေမယ့် သတိထားစရာတစ်ခု ရှိပါတယ်။ အာရုံခံနိုင်စွမ်းလျော့ကျတာနဲ့အမျှ လိင်တံရဲ့ ထောင်မတ်နိုင်စွမ်းကလည်း ကျလာတာကိုပါပဲ။

၅.. ကွန်ဒုံး »
တချို့ကုမ္ပဏီတွေက ပိုထူတဲ့ရာဘာနဲ့ လုပ်ထားတဲ့ ကွန်ဒုံးတွေ ထုတ်လုပ်ပါတယ်။ အဲ့ဒါတွေရဲ့ အာနိသင် ကတော့ ထုံဆေးတွေလိုပါပဲလို့ Dr.Morse ကပြောပါတယ်။ “Extended Pleasure” ”maximum performance” ဆိုတဲ့ စကားလုံးတွေပါတဲ့ ကွန်ဒုံးတွေကို ရွေးနိုင်ပါတယ်။

၆.. စိတ်ကြွဆေး »
လိင်တံထောင်မတ်လာဖို့ စိတ်ကြွဆေးတွေသုံးကျပါတယ်။ ဥရောပမှာတော့ တရားဝင်သုံးစွဲခွင့်ရှိတဲ့ စိတ်ကြွဆေးတွေရှိပါတယ်။ ဒါပေမယ့် စိတ်မချရပါဘူး။ သုတ်လွှတ်မြန်တာကို ကုစားဖို့ စိတ်ကြွဆေးကို ကုထုံးတစ်ခုအနေနဲ့သုံးမယ်ဆိုရင်တော့ လွဲမှားတဲ့ကုထုံးတစ်ခုပါ။ စိတ်ကြွဆေးတွေဟာ စိတ်ကျရောဂါ၊ စိတ်ကစဥ့်ကလျားဖြစ်စေတဲ့ရောဂါနဲ့ အခြားဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေပါသေးတယ်။ Dr.Walshက အကြံတစ်ခုပေးပါတယ်။ စိတ်ကြွဆေးတွေသုံးမယ်ဆိုရင် မိသားစုဆရာဝန်နဲ့ တိုင်ပင်ပါတဲ့။

၇.. ကျွမ်းကျင်သူတစ်ဦးကိုမေးပါ »
အပေါ်က နည်းလမ်း၆ခုနဲ့ ကြိုးစားကြည့်ပြီး သုတ်လွှတ်မြန်တာကို ဖြေရှင်းလို့ မရရင်တော့ လိင်ရောဂါ အထူးကုဆရာဝန် တစ်ယောက်နဲ့ပြကြည့်ပါလို့ အကြံပြုချင်ပါတယ်လို့ Dr.Walshက ပြောပါသေးတယ်။
________________
credit to : gmmagazine

Follow လုပ်ထားခြင်းအားဖြင့် အသစ်တင်တိုင်း ချက်ချင်းသိရပါမည်...

Popular posts in 7 days.